ရန်ကုန်  ၅   မေ

                       

ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ် လျက်ရှိသော လောကချမ်းသာ အဘယလာဘ မုနိရုပ်ပွားတော်မြတ်ကြီး၌ ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားစေရန်အတွက် နှစ်စဉ်ကျင်းပသော ကဆုန်လပြည့်နေ့ ညောင်ရေသွန်းလောင်းလှူပွဲကို ကျင်းပမည်မဟုတ်ဟု ဂေါပက အဖွဲ့ခေါင်းဆောင် ဦးမောင်မောင်မြင့်အေးထံမှ သိရသည်။

 

ဘုရားကြီးတွင် ဝန်ထမ်း(၁၀ဝ)ကျော်ရှိပြီး ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားသည့်နေ့မှစ၍ အပြင်နေ ဝန်ထမ်းများကို အလုပ်မဆင်းဘဲ မိမိ၏ အိမ်၌သာ နေထိုင်ရန်  စီစဉ်ထားပြီး ဘုရားကြီး၏ ပရိဝုဏ် အတွင်း နေထိုင်သူ ဝန်ထမ်းများကိုသာ နံနက်ပိုင်းတွင် သန့်ရှင်ရေးကို စနစ်တကျ နှာခေါင်း စည်းတပ်၍ လုပ်ဆောင်စေပြီး၊ ဘုရားကြီး၏ ရင်ပြင်နှင့် ပရဝဏ်အားလုံးကို (၃)ရက်တစ်ကြိမ် တပ်မတော်မှ ဆေးဖျန်း မော်တော်ယာဉ်ဖြင့် လာရောက်ဖျန်းပေးထားကြောင်း၊ဘုရားဖူးများကိုလည်း ကပ် ရောဂါကြီး ပြီးဆုံးသွားမှ ပြန်လည်ဖူးမြော်ခွင့်ပေးမည်ဟု သိရသည်။

 

အင်းစိန်မြို့နယ်၊ Coronavirus Disease 2019 (ကိုဗစ်-၁၉)ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေး ကော်မတီမှ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် လျက်ရှိကြောင်း  သိရသည်။

 

မျိုးသန့်(ပြန်/ဆက်)