ညောင်ရွှေ  ၅  မေ        

 

ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ညောင်ရွှေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာခုနစ်ရွာတွင် လက်ဆေးဘေစင် ရှစ်စုံကို တပ်ဆင်ပေးထားကြောင်း သိရသည်။

 

963.

 

ညောင်ရွှေမြို့နယ် အတွင်းရှိ ခေါင်တိုင် ဈေးတောင်၊ ဈေးမြောက်၊ ရေပူစမ်း၊ ရွှေရန်ပြေ၊ ပေါ့နော်၊ ဇီးပင်ကုန်း၊ ဝမ်းဘဲအင်း ရွှေဓားနှင့် ကျောက်တတလုံးငယ်ကျေးရွာတို့တွင် လက်ဆေးဘေ စင်ရှစ်စုံကို ဌာနခွင့်ပြု ရန်ပုံငွေဖြင့် ဧပြီလ နောက်ဆုံးပတ်တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် အသိပညာပေး ပိုစတာနှင့် လက်ကမ်း စာစောင်များကို ကျေးရွာ ၃၅ ရွာ၌ ဖြန့်ဝေပြီးဖြစ်ကြောင်း သိရသည်။

 

 ဆက်လက်၍ မြစိမ်းရောင် စီမံကိန်း အတိုးရငွေဖြင့် ဝမ်းဘဲအင်းရွှေဓား၊ ရွာကန့်လန့်၊ ကျွန်းကြီး တောင်နှင့် ကံရွာကျေးရွာတို့တွင် ဆေးဖျန်းခြင်း၊ PPE ဝတ်စုံဝယ်ယူခြင်း၊ Mask ဖြန့်ဝေခြင်း၊ လက်ဆေး ဘေစင်ပြုလုပ်ခြင်း၊ အပူချိန်တိုင်း ကိရိယာဝယ်ယူခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မဉ္ဇူသိဏ်း၏ ပြောကြားချက် အရ သိရသည်။

 

(နေမျိုးသူရိန်)

 

4562