တနိုင်း ၅  မေ

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း များ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအဖွဲ့တို့သည် ယနေ့နံနက်(၈)နာရီက တနိုင်းချောင်းဘေးအနီး ယာယီဖွင့်လှစ်ထားသော ပျံကျဈေးတန်းတွင် ရောင်းချနေသော ဈေးသည်များအား လက်လုပ် အဝတ်နှာခေါင်းစည်းများ ပေးဝေခဲ့သည်။

 

98

 

ယင်းသို့ ဆောင်ရွက်ရာတွင်  မြို့နယ်အမျိုးသမီးရေးရာ ဉက္ကဌ ဒေါ်အေးအေးသန်းနှင့်အဖွဲ့များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍  ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် တနိုင်းချောင်းဘေးအနီး ရောင်းချနေသော ယာယီပျံကျဈေးသည်များအား လက်လုပ် အဝတ်နှာခေါင်းစည်း အခု (၃၀ဝ)ကိုပေးဝေခဲ့ကြောင်း သိရသည်။

 

စိုင်းထင်ကျော်(ပြန်/ဆက်)

 

639