ဝေါ ၅ မေ
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဘူတာလမ်းကွန်ကရစ်ခင်းခြင်း၊ မြောင်းဖုံးနှင့် ပလက်ဖောင်းပြုလုပ်ပြုလုပ်သည့် လုပ်ငန်းအား ဧပြီလ ၅ရက်နေ့နံနက်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကြည် ၊မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊မြို့နယ်စည်ပင်သာယာရေး ကော်မတီမှတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ လုပ်ငန်းများသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးလွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေ(၆၄.၁၃၀၂၈၅)သန်းဖြင့် (သွန်နေခြည်ကုမ္ပဏီ)မှ တာဝန်ယူဆောင်ရွက်နေသည့် ဝေါမြို့ ဘူတာလမ်းကွန်ကရစ်ခင်းခြင်း၊ မြောင်းဖုံးနှင့် ပလက်ဖောင်းပြုလုပ်လမ်း အဆင့်မြှင့်တင်ခြင်းဆောင်ရွက်သည့် ကွန်ကရစ်လမ်းအကျယ် (၁၅)ပေ နှင့် အရှည် ပေ ၁၅၀၀ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)


