တောင်ကြီး  ၅  မေ 

 

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တို့တွင် Facilities Quarantine ၂၁ ရက် ဝင်ရောက်ခဲ့သည် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ရွှေ့ပြောင်းလုပ်သား ၃၀ဝ ကျော်သည် မေလ ၄ ရက်နေ့ ည ၈ နာရီတွင် တောင်ကြီးမြို့သို့ ရောက်ရှိလာပြီး၊ မိုင်းယန်း၊ မိုင်းခတ်၊ ကျိုင်းတုံလမ်းမှ တစ်ဆင့်နေရပ် သို့ပြန်လည် ပို့ဆောင်ပေး လျက်ရှိကြောင်း သိရသည်။

 

63.

 

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ယင်းရွှေ့ပြောင်းလုပ်သားများအား အထူးဒေသ (၄)တွင် Facilities Quarantine ၂၁ ရက် ထားရှိကာ ကျန်းမာရေးကောင်းမွန်သဖြင့် ပြန်လည် ပို့ဆောင်ပေးခြင်း ဖြစ်ပြီး ယခုအကြိမ်မှာ တတိယအကြိမ်မြောက် ရောက်ရှိလာသည် မြန်မာရွှေ့ပြောင်း လုပ်သားများ ဖြစ်သည်။

 

အဆိုပါ ရွှေ့ပြောင်းလုပ်သားများ ၃၀ဝ ကျော်မှာ မေလ ၃ ရက်နေ့မှ ကျိုင်းတုံမြို့သို့မှ ထွက်ခွာခဲ့ပြီး တောင်ကြီးမြို့သို့ မော်တော်ယာဉ် ၁၂ စီးဖြင့်ရောက်ရှိလာကြောင်းသိရသည်။ တရုတ်နိုင်ငံအတွင်း သွားရောက် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားများအား ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉)   ကူးစက် ရောဂါကြောင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင် ပေးလျက်ရှိရာ အထူးဒေသ (၄)တွင် Facilities Quarantine ၂၁ ရက်ဝင်ရောက်ပြီး ကျန်းမာရေး ကောင်းမွန်သူများကို ပြန်လည်လွှဲပြောင်း ပေးလျက်ရှိရာ ပထမအကြိမ် ၂၇၇ ဦး၊ဒုတိယအကြိမ် ၅၆၆ ဦး၊နှင့်ယခုတတိယအကြိမ်တွင် ၃၆၉ ဦး၊ စုစုပေါင်း ၁၂၁၂ ဦးရှိကြောင်း မြို့နယ် ကိုရိုနာဗိုင်းရပ်စ် -၁၉(COVID-19) ရောဂါ   ကာကွယ် ထိန်းချုပ်၊ ကုသရေး ကော်မတီ ဥက္ကဋ္ဌထံမှ သိရသည်။

 

520

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄)တွင် ဝင်ရောက်ခဲ့သည့် ပြည်ပပြန် မြန်မာရွှေ့ပြောင်း လုပ်သားများ အားတာဝန်ရှိသူများက တောင်ကြီးမြို့တွင် စစ်ဆေးလက်ခံ၍ နေရပ်သို့ပြန်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ကြသည်။ ယင်းပြည်တော်ပြန် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများသည် တရုတ်နိုင်ငံတွင် ကျပန်းအလုပ်လုပ်ကိုင် နေသူများဖြစ်ကာ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါ အခြေအနေများကြောင့် မြန်မာနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်လာကြသူများဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စေတနာရှင်များ၊ စေတနာဝန်ထမ်းများ ပူးပေါင်းအဖွဲ့နှင့်အတူ ကိုယ်အပူချိန် တိုင်းခြင်း၊ ကားများကို ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြပြီး အစားအသောက်များ လှူဒါန်းပေးခဲ့ပြီး နေရပ်သို့ အသီးသီးပြန်နိုင်ရာအတွက် မော်တော်ယာဉ် ၁၀ စီးဖြင့် ဆောင်ရွက်ပေး၍ မိမိဒေသသို့ သွားရောက်ရန်အတွက် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

 

စိုင်းသန်းကျော်(တောင်ကြီး)