ပင်လုံ ၅ မေ 

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် သွားလာရန်ခက်ခဲပြီး စားနပ်ရိက္ခာများ လိုအပ်လျက်ရှိသည့် ဟဲနန်းကျေးရွာအုပ်စုရှိ ကျေးရွာ (၁၄) ရွာနှင့် တန့်အယ်ကျေးရွာအုပ်စုရှိ ကျေးရွာ (၆) ရွာ၊ အိမ်ခြေစုစုပေါင်း (၁၃၇) အိမ်ရှိ ဆင်းရဲနွမ်းပါးသည့် ပြည်သူများကို ယနေ့ မနက် (၈) နာရီမှ မွန်းလွဲ ၃ နာရီခွဲထိ စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ပင်လုံပရဟိတအသင်း၊ ဖြူစင်မေတ္တာ နာရေးကူညီမှုအသင်း၊ ပင်လုံသွေးလှူရှင် အသင်းတို့က ဦးဆောင်၍ စားနပ်ရိက္ခာများ လှူဒါန်းပေးသော ပင်လုံပြည်သူလူထုကိုယ်စား တစ်အိမ်ထောင်လျှင် ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ကာဘော်လစ် ဆပ်ပြာခဲ (၁) ခဲ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၆) သိန်းကို သွားရောက် လှူဒါန်းခဲ့ကြသည်။

 

အဆိုပါကျေးရွာများသည် ပင်လုံမြို့နှင့် (၁၄) မိုင်ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ တောင်တက်တောင်ဆင်းများ လမ်းဖြစ်ကြောင်း သိရသည်။

 

နန်းမြင့်မြင့်ဆွေ