နေပြည်တော် ၆ မေ 

 

နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော စစ်သည်တစ်ဦးတွင် ဓာတ်ခွဲ အတည်ပြုချက်အရ CovID - 19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မေ ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 

အဆိုပါ စစ်သည်နှင့် ဆက်စပ်ထိတွေ့ခဲ့သူ ၃၆၃ ဦးကို လိုအပ်သည့် အသွားအလာကန့်သတ်စောင့်ကြပ် ကြည့်ရှုမှုများ ဆောင်ရွက်ပြီး မေ ၄ ရက်တွင် နေပြည်တော် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ရှိ COBAS 6800 ရောဂါရှာဖွေစက်ဖြင့် စစ်ဆေးခဲ့ရာ အဆိုပါ ၃၆၃ ဦးစလုံးတွင် COVID - 19 ရောဂါပိုး တွေ့ရှိသူမရှိ (မရှိ) ကြောင်း သိရှိရသည်။ ၎င်းစစ်သည်အနေဖြင့် လွန်ခဲ့သည့် တစ်လအတွင်း တပ်ပြင်ပသို့ ခရီးသွားလာခဲ့သည့် ရာဇဝင်မရှိခဲ့ဘဲ ရောဂါကူးစက်ခံရမှုအခြေအနေအား သိရှိနိုင်ရန်နှင့် ၎င်းစစ်သည်နှင့် ထိတွေ့မှုရှိခဲ့သူများကို ထပ်မံ စိစစ်ဖော်ထုတ်၍ လိုအပ်သည့် ဆေးစစ်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

(သတင်းစဉ်)