ကျွန်းလှ   ၆   မေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားချိန်ကာလ ငှက်ပျောစိုက်တောင်သူများ ဈေးကွက်ရရှိရေး မျှော်လင့်နေကြောင်း သိရသည်။

 

“ကျွန်တော် ငှက်ပျောသုံးဧက၊ အပင်(၁၀၀၀)ကျော် စိုက်ပျိုးထားပါတယ်။ ငှက်ပျောတစ်ခိုင်ဖြစ်ဖို့နဲ့ အသီးရင့်ချိန်အထိ ရှစ်လခန့်ပြုစုခဲ့ရပါတယ်။  အရင်ဒီအချိန်မှာ ပသာသီးတစ်ဖီးငွေကျပ်(၇၀၀)ဖြင့် ခြံအထိ လာရောက်ဝယ်ယူကြပါတယ်။ အခု ကိုဗစ်-၁၉ ကာလမှာ ပွဲလမ်းသဘင်လုံးဝမရှိတဲ့အတွက် ရောင်းရခြင်းမရှိ၍ အခက်အခဲဖြစ်နေပါတယ်ဟု” သံဘိုငှက်ပျောစိုက်တောင်သူ ဦးကျော်မျိုးလွင်က ပြောပြသည်။

 

ကျွန်းလှမြို့နယ်တွင် ငှက်ပျောကို မိသားစုစားသုံးရန်အတွက် နေအိမ်များအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း၊ ယခုအခါယာမြေများအတွင်း စီးပွားဖြစ်စနစ်တကျ စိုက်ပျိုးလာကြကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)