သုံးခွ  ၆   မေ

 

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်စေရေးအတွက် နှာ ခေါင်းစည်း(Mask)၂၀ဝ၀ ခုကို ယာယီ(ပျံကျ)ဈေး၊ မြို့မဈေးအတွင်းနှင့် မြို့မဈေးရှေ့တို့တွင် ဖြတ်သန်းသွားလာသူများ၊ ဈေးအတွင်းသို့ ဝင်ရောက်သူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။

 

ယင်းသို့ဆောင်ရွက်ရာတွင် ယာယီ(ပျံကျ)ဈေး၊ မြို့မဈေးအတွင်းနှင့် မြို့မဈေးရှေ့တို့တွင် ဖြတ်သန်းသွားလာသည့် မြို့နေပြည်သူများအနေဖြင့် နှာခေါင်းစည်း (Mask) တပ်ဆင်ထားခြင်း ရှိမရှိကို စောင့်ကြည့်စစ်ဆေးပြီး တပ်ဆင်လာခြင်းမရှိသူများအား နှာခေါင်းစည်း(Mask)များအခမဲ့ပေးဝေခြင်း၊ စနစ်တကျတပ်ဆင်ခြင်း မရှိသူများအား အပြင်ထွက်ပါက နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ပြီးမှသာ ထွက်ကြပါရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးခဲ့ကြောင်း သိရသည်။

 

ပေးပို့ စည်သူလင်း ပြန်/ဆက်