ချောင်းဦး ၆ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ဘူတာကျေးရွာ တောင်သူ ဦးအောင်သန်းနိုင်၏ စိုက်ကွက်တွင် စိုက်ပျိုးထားသော မိုးကြိုချည်မျှင်ရှည်ဝါ ရွှေတောင် (၈) နှင့် (၁၀) တို့၏ စိုက်နည်းစနစ် ယှဉ်ပြိုင်စမ်းသပ်ကွက်ကို မေ ၆ ရက်၊ နံနက် ၈ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းကြည့်ရှူရာတွင် မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင် နှင့် ဝန်ထမ်းများမှ မိုးကြိုချည်မျှင်ရှည်ဝါ ရွှေတောင် (၈) နှင့် (၁၀) မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် ကိုကွင်းဆင်းစစ်ဆေး၍ မျိုးယှဉ်ပြိုင်စမ်းသပ်ထားသည့် မျိုးတို့၏ အပင်ဖြစ်ထွန်းမှုလက္ခဏများနှင့် ပိုးမွှားရောဂါကျရောက်မှုရှိ မရှိတို့ကို မှတ်တမ်းကောက်ယူခဲ့သည်။ ထို့နောက် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်မြတ်မြတ်ဦးက တောင်သူများအား မျိုးကောင်းမျိုးသန့် သုံးစွဲရေး နည်းပညာပေး ဆွေးနွေးခြင်းလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါကွင်းဆင်းရာသို့ မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်မေရီကျော်၊ မျိုးစေ့တာဝန်ခံ ဒေါ်နော်သင်းသင်းအေး နှင့် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး နှင့် ဘူတာကျေးရွာ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး)


