လန်ဒန် ၆ မေ
ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၃၂,၀၀၀ ဖြစ်လာကြောင်း အင်္ဂါနေ့က ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ သေဆုံးသူအရေအတွက် အီတလီနိုင်ငံထက် ပိုများပြီး အမေရိကန်နိုင်ငံပြီးရင် ဒုတိယအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။
အစိုးရရဲ့ ထုတ်ပြန်ချက်ဟာ ဒေသတွင်းကျန်းမာရေးအဖွဲ့နဲ့ ONS ရဲ့ ထုတ်ပြန်ချက်နဲ့ မတူညီပေမယ့် ဒေသတွင်း ကျန်းမာရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတဲ့ သေဆုံးသူ စာရင်း ၂၉,၄၂၇ ဦးရှိပါတယ်။
အီတလီနိုင်ငံမှာ သေဆုံးသူ ၂၉,၃၁၆ ဦးသာရှိတဲ့အတွက် ဗြိတိန်နိုင်ငံမှာ သေဆုံးသူအရေအတွက်ဟာ များနေတာကို တွေ့ရပါတယ်။ ကပ်ရောဂါကြောင့် အမေရိကန်နိုင်ငံမှာ သေဆုံးသူ ၆၉,၀၀၀ ဦး နီးပါးရှိပြီ ဖြစ်ပါတယ်။
စောင့်ရှောက်ရေးဂေဟာများမှ သေဆုံးသူ အရေအတွက် ရရှိပြီးနောက် ကပ်ရောဂါကြောင့် သေဆုံးသူ အရေးအတွက်ဟာ တဟုန်ထိုး တိုးသွားကြောင်း သိရပါတယ်။ အင်္ဂလန်နိုင်ငံ တစ်ခုတည်းနဲ့ စောင့်ရှောက်ရေး ဂေဟာတွေမှာ သေဆုံးသူ ၆,၄၀၀ နီးပါးရှိကြောင်း၊ ဧပြီလကုန်ပိုင်း သီတင်းပတ်ဟာ သေဆုံးသူ ၂၀၀၀ ကျော်ရှိတဲ့အတွက် သေဆုံးသူအများဆုံးအချိန် ကိုကျော်လွန်ခဲ့ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဂျွန်ဆင်က ပြောပါတယ်။
MDN
ကိုးကား - AFP