ဝန်းသို   ၆   မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကျောက်တောကျေးရွာ၌ ကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိနိုင်ရေး ရေရရှိရေးလုပ်ငန်း လေးလက်မစက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

 

ကျောက်တောကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေကျပ် ၁၃ ဒသမ ၇၁ သန်းဖြင့် ပေ ၄၀ဝ ရှိ ၄ လက်မစက်ရေတွင်းတစ်တွင်း၊ အလျား၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ  ရေစက်ရုံတစ်ခုနှင့် ရေဂါလန် ၂၀ဝ၀ ဆံ့ ရေလှောင်ကန်တစ်ခုတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယင်းစက်ရေတွင်း အောင်မြင်ပြီးစီးသွားပါက ကျောက်တောကျေးရွာရှိ အိမ်ခြေ၁၇အိမ်၊ လူဦးရေ ၁၀ဝ ခန့်အတွက် သောက်သုံးရေဖူလုံစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စက်ရေတွင်းတူးဖော်နေမှု လုပ်ငန်းအခြေအနေများကို မေ ၅ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)