မိုင်းပျဉ်း ၆ မေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊မိုင်းပျဉ်းမြို့နယ်၊ ဝမ်ဖြစ်ကျေးရွာအုပ်စု၊ ဝမ်ဖျန်းကျေးရွာမှ လေဘေးသင့်ပြည်သူများအား မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာနရုံး (ယာယီ)ခန်းမ၌ မေ ၅ ရက် ညနေ ၃ နာရီခွဲက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် မေ ၄ ရက် နံနက် ၆ နာရီက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်၍ ပျက်စီးဆုံးရှုံးမှုနှင့်ကြုံတွေ့ခဲ့ရသော ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း၊ လူနေအိမ်(၆)လုံးတို့ ပြင်ဆင်ရန်နှင့် ဘုန်းတော်ကြီးကျောင်းရှိ သံဃာ(၅)ပါးနှင့် အိမ်(၆)လုံးရှိ မိသားစုဝင်များအတွက် ဆန်ရိက္ခာဖိုးအပါအဝင် ထောက်ပံ့ငွေ စုစုပေါင်း(၇၈၄၀ဝ၀)ကျပ်ကို မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မေမွန်ထွဋ်(ပြန်ဆက်)


