ဘားအံ   ၆   မေ

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် မေ ၅ ရက် နံနက်ပိုင်းက ထပ်မံသွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခက်ခက်လွင်နှင့် ဝန်ထမ်းများသည် ဘားအံမြို့နယ်အတွင်း နောင်ကမြိုင်ရွာကြီးနှင့် နောင်ကမြိုင်ရွာ၊ မဲဘောင် ယာယီဈေး၊ ထီးဖိုးကလုံးကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကို မိမိက စ၍ကာကွယ်ပါ အဓိကသတင်း (၁၀)ချက်၊ ရောဂါကူးစက်နိုင်ခြေနည်းလမ်းများ၊ ကာကွယ်ရမည့်နည်းလမ်းများ၊ ရောဂါဖြစ်ပွားရာ ဒေသများမှ ပြန်လာသူများ၏  အတူနေမိသားစုဝင်များ လိုက်နာရမည့်အချက်များ၊ နှာခေါင်းစည်းများ အသုံးပြုရန်တို့ကို အသိပညာပေးကာ  လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ရက်အလိုက် နေ့စဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)