ကျိုက်ဒုံ ၆ မေ
ကိုရိုနာဗိုင်းစ်ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်သည့် ကာလအတွင်း စားဝတ်နေရေး အခက်အခဲများ ပြေလည်နိုင်စေရေးအတွက်ရည်ရွယ်၍ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မေ ၆ ရက် နံနက် ၁၀ နာရီခွဲက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်မိသားစုများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ အခြေခံစားသောက်ကုန်များကို ကြာအင်းဆိပ်ကြီးမြို့နယ်မှ စစ်မှုထမ်းဟောင်းအဖွဲ့နာယက ဗိုလ်ကြီးအောင်လှိုင်ဦး(ငြိမ်း)နှင့် အဖွဲ့များမှ ကျိုက်ဒုံမြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် မိသားစုများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်


