မင်းဘူး ၇ မေ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ရေအခက်အခဲဖြစ်ပေါ်နေသော မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ရေပြတ်လပ်မှုမရှိစေရေးအတွက် မင်းဘူးမြို့နယ် မီးသတ်ဉီးစီးရုံးမှ ဒုမီးသတ်ဦးစီးမှူး ဦးကျော်ဇင်ဟိန်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်၍ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါ ရေပြတ်လပ်မှုမရှိစေရေးအတွက် ဖြန့်ဝေပေးရာတွင် မင်းဘူးမြို့ အမှတ်(၃) ရပ်ကွက် သုခကာရီသီလရှင် စာသင်တိုက်၊ အမှတ်(၃)ရပ်ကွက် သံကန်တောရကျောင်း၊ စကုမြို့ ကန်ဉီးသဘာဝဓမ္မရိပ်သာနှင့် ရပ်ကွက်/ကျေးရွာများသို့ ရေဂါလန် စုစုပေါင်း ၆၄၀ဝ ကို မီးသတ်ရေသယ်ယာဉ်ဖြင့်သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော နေရာများသို့ သွားရောက်၍ ရေပြတ်လပ်မှု မရှိစေရေးအတွက် ဆက်လက်၍ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မင်းဘူးမြို့ မီးသတ်ဦးစီးရုံးမှ သိရသည်။

 

ကျော်စိုးဝင်း(မင်းဘူး)