ဂန့်ဂေါ ၇ မေ
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင် မေ ၆ ရက် မွန်းလွဲ ၂ နာရီကျော်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းမုန်တိုင်းများ တိုက်ခတ်ခြင်းတို့ကြောင့် သစ်ကိုင်းများကျိုးကျခြင်း၊ အိမ်အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့သည်။
ထိုသို့ လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်းတို့ကြောင့် ဂန့်ဂေါမြို့ စည်ပင်သာယာရပ်ကွက်ရှိ မြို့နယ် ပညာရေးမှူးလမ်းနှင့် ဝန်ထမ်းပေါင်းစုံလမ်းရှိ သစ်ပင်များကျိုးကျခြင်း၊ ရှုံးရှီကျေးရွာတွင် လူနေအိမ် (၃) လုံး၊ ပိတောက်ကုန်းကျေးရွာတွင် လူနေအိမ်(၃)လုံးနှင့် ကျောင်းဝင်းအတွင်းရှိ လျှပ်စစ်မီးတိုင်(၁)တိုင်၊ အုတ်လှကျေးရွာတွင် လူနေအိမ်(၁)လုံး၊ ဘော်ပြင်းကျေးရွာတွင် လူနေအိမ်တစ်လုံး၊ ရဲလှကျေးရွာတွင် လူနေအိမ်(၇)လုံးနှင့် စာသင်ကျောင်းဆောင်(၁)ဆောင်၊ ရေရှင်ကျေးရွာတွင် လူနေအိမ် (၁)လုံး၊ နှမ်းခါးကျေးရွာတွင် လူနေအိမ်(၂)လုံးနှင့် ရွာမကျေးရွာတွင် လူနေအိမ်(၁)လုံးတို့၏ နေအိမ် အမိုးများ လေလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့သို့ဖြစ်ပွားရာတွင် ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးသန်းထက်အောင်ဦးအောင်၍ တပ်ဖွဲ့ဝင်များ စုပေါင်း၍ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)


