သာယာဝတီ ၇ မေ
သာယာဝတီမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်ကာလ Stay Home နေရချိန်တွင် ရပ်ကွက်၊ ကျေးရွာတို့ရှိ မိမိတို့၏ အိမ်ခြံဝန်းအတွင်း သီးနှံနှင့် ဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး Home Garden စိုက်ပျိုး နည်းပညာများကို သက်ဆိုင်ရာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနများက ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
သာယာဝတီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဥမ္မာဟန်က "တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ် ရောင်းချခြင်းအားဖြင့် ဝင်ငွေရရှိရန်နှင့် အိမ်သုံးစရိတ် သက်သာခြင်း၊ ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်ထားသော ဟင်းသီး ဟင်းရွက်သီးနှံများ စားသုံးခြင်းအားဖြင့် ပိုးမွှားကင်းစင်ပြီး ဘေးကင်းလုံခြုံသော ဟင်းသီးဟင်းရွက် အသီးအနှံများ စားသုံးနိုင်ရန် အဓိကရည်ရွယ်ချက် ဖြစ်ကြောင်း၊ မျိုးစေ့တွေ လိုအပ်ခဲ့ရင် ဥယျာဉ်ခြံမြေနည်းပညာဌာနတွေ ချိတ်ဆက်ပေးမယ်။ စိုက်ပျိုးရေး ဦးစီးဌာနတွေကို လာပြီးတော့ ဆက်သွယ် လာမယ်ဆိုလို့ရှိရင် ချိတ်ဆက်ပေးမယ်။ မျိုးစေ့ ဝယ်ယူပေးမယ်။ မျိုးစေ့ရရှိရေးနှင့် စိုက်ပျိုးနည်းပညာများကို ကူညီပေးသွားမည်"ဟု ပြောသည်။
သာယာဝတီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ ၂၁ မျိုးဖြစ်သည့် ရွှေဖရုံ၊ ရုံးပတီသီး၊ ကျောက်ဖရုံ၊ ကိုက်လန်၊ ငရုပ်(မိုးထောင် နှင့် အောက်ဆွဲ)၊ သခွား၊ ဘူး (ရှည်၊ ဝိုင်း၊ လုံးကြီး)၊ တိုင်ထောင်ပဲ၊ ပြောင်းချို၊ ဘုံလုံ(ပဲရှည်သီး)၊ ကြက်ဟင်းခါး၊ ခရမ်းချဉ်၊ ခရမ်းကသော့၊ ခရမ်းသီး၊ ခရမ်းညို၊ ဟင်းနုနွယ် စသည့်မျိုးစေ့တို့ကို အိမ်ခြံဝန်းတို့တွင် စိုက်ပျိုးမည့်သူများကို စိုက်ပျိုးရေး Home Garden နည်းပညာများ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ပြန်ဆက်


