ထီးချိုင့် ၇ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်နယ်တွင် ယမန်နေ့ညနေ ၆ နာရီက လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီးခြင်းနှင့် နေအိမ်ပြိုလဲခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ဆင်ဖြူဆိပ်ကျေးရွာအုပ်စု ဆင်ဖြူဆိပ်အနောက်ကျေးရွာတွင် နေအိမ် အမိုးလန် ပျက်စီးခြင်း၊ ကွင်းကြီးအုပ်စု ပျဉ်းစုကျေးရွာတွင် အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် အိမ်ခေါင်မိုး နှင့်အမိုးတစ်ဖက်ပါပျက်စီးခြင်း၊ ဒိုးပင်ကျေးရွာအုပ်စု မယ်ဇလီကျေးရွာတွင် နေအိမ် ၂ လုံး အမိုးလန်ပျက်စီးခြင်း၊ ပေါက်နက်ကျေးရွာအုပ်စု ကျစ်ကြီးကျေးရွာတွင် နေအိမ် ၂ လုံး ပြိုလဲပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။
ရဲလင်းထွန်း(ထီးချိုင့်)


