မြောက်ဥက္ကလာပ   ၇   မေ

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် အထူးကုဆေးရုံ (ဝေဘာဂီ)၌ လိုအပ်သော ECG စက် ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းတည့် ၁၂  နာရီက အထူးကုဆေးရုံ (ဝေဘာဂီ)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ထိုသို့ လှူဒါန်းရာတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံး ပြုနိုင်ရန် လှိုင်သာယာမြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးကျော်သူက ငွေကျပ် ၁၆၉၂၀ဝ၀ တန်ဖိုးရှိ ECG စက်တစ်လုံးအား လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်က လက်ခံရယူခဲ့သည်။

 

ထို့နောက် လာရောက်လှူဒါန်းသူ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးကျော်သူက ပြည်ထောင်စု ရှေ့နေ့ချုပ်ရုံး(၁/၂၀၁၇) ဥပဒေအရာရှိများ လုပ်ငန်းဝင် (၃)နှစ်ပြည့် အမှတ်တရအဖြစ် စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဆေးရုံအုပ်ကြီးက ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြမြဝင်း(ပြန်/ဆက်)