ကော့သောင်း   ၇    မေ

 

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုကာလအတွင်း မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား အခြေခံစားသောက်ကုန်လှူဖွယ်ပစ္စည်းများကို ကော့သောင်းမြို့ ယုဇနဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီမှ ယမန်နေ့ ညနေပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

လှူဒါန်းမှုတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုကာလအတွင်း ဆွမ်းကိစ္စများအဆင်ပြေမှုဖြစ်စေရန် ရည်ရွယ်ကာ ကော့သောင်းမြို့ ယုဇနဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီမှ ကော့သောင်းမြို့ပေါ် ဘုန်းတော်ကြီးကျောင်းဖြစ်သည့် ရွှေမင်းဝံပုညကုသကျောင်းတိုက်သို့ ဆန်၊ ဆီ၊ အသင့်စားခေါက်ဆွဲခြောက်များ၊ ရယ်ဒီမိတ်ကွေကာအုပ်ထုတ်များကို ကုမ္ပဏီမန်နေဂျာ ဒေါ်တင်မိုးလှိုင်နှင့် တာဝန်ရှိသူတို့က လာရောက်ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 

အလားတူ ယုဇနဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီမှ ကော့သောင်းမြို့ပေါ်ရပ်ကွက်များရှိ အခြား ဘုန်းတော်ကြီးကျောင်းတိုက်များသို့လည်း ဆက်လက်လိုက်လံလှူဒါန်းဆက်ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)