ဝါးခယ်မ ၇ မေ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် ပျိုးပင်ပေါင်း ၃၈၀ဝ၀ ကို ပျိုးထောင်ထားရှိပြီး အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပျိုးပင်များကို ဒေသနှင့်ကိုက်ညီသည့် ကျွန်းပင်၊ မဟော်ဂနီပင်နှင့် မန်ဂျန်ရှားပင် စုစုပေါင်း ၃၈၀ဝ၀ ပျိုးထောင်ထားရှိကြောင်းနှင့် လာမည့် ဇွန်လနှင့် ဇူလိုင်လများတွင် အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၊ အခြေခံပညာကျောင်များ၊ ဌာနဆိုင်ရာ ရုံးများနှင့် ကျေးရွာချင်းဆက် တာများ၌ စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးမင်းမင်းဦး၏ ပြောကြားချက်အရသိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)


