သံတွဲ ၇ မေ

 

သံတွဲမြို့နယ်အတွင်း (ကိုဗစ်-၁၉) ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းသည့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းကို မေ ၇ ရက်နေ့ နံနက်၉နာရီက သံတွဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုသည်။

 

mdn

 

အဆိုပါလှူဒါန်းပွဲတွင် ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းက လှူဒါန်းသည့် စုစုပေါင်းတန်ဖိုး ခြောက်သိန်း ခြောက်သောင်း တန်ဖိုးရှိ Mask ခုရေ ၁၀ဝ၀၊ လက်သန့်ဆေးရည် ၅၀ဝ မီလီ ငါးဘူး၊ လက်သန့်ဆေးရည် ၂၀လီတာ  ၃ပုံး၊ အရက်ပျံ (၁၀ဝ မီလီ) ဘူး ၈၀၊ ကာဘောလစ် ဆပ်ပြာ အတောင့် ၂၀၊ အပူချိန်တိုင်းကိရိယာ နှစ်ခု၊ Portable Speaker နှစ်ခု၊ ပိုးသတ်ဆေးရည် တစ်လီတာ နှစ်ဘူး၊ လက်ကမ်းစာစောင်  ၃၅၀တို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း(ခ)ဦးစိုးလေးက ပေးအပ်လှူဒါန်းရာ သံတွဲမြို့နယ်( ကိုဗစ်-၁၉) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းကျော် နှင့် ဘဏ္ဍာငွေ လှူဒါန်းရရှိရေးနှင့် ရိက္ခာစုဆောင်းဖြန့်ဝေရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးခိုင်ထွန်းဆွေတို့က လက်ခံရယူခဲ့ကြပြီး ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

သန့်ဇင် (ခရိုင်ပြန်/ဆက်)