ဆင်ပေါင်ဝဲ   ၇   မေ

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်တွင် မေ ၆ ရက်နေ့  ညနေပိုင်းတွင် လေပြင်းတိုက်ခိုက်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခိုက်မှုကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် နေအိမ်ပြိုလဲခြင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခြင်း  အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရာ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ယနေ့ နံနက် ၁၁ နာရီတွင် နေအိမ်များသို့  သွားရောက်ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

အဆိုပါ လေဘေးကြောင့် ရပ်ကွက် (၂) ရပ်ကွက်၊ ကျေးရွာအုပ်စု(၄) အုပ်စု၊ ကျေးရွာ (၆) ရွာတို့မှ ပြိုလဲ နေအိမ်(၁၈)လုံးနှင့် အမိုးလန်နေအိမ် ၁၃၉ လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၅၁၁၈၀ဝ၀၊ ပြိုလဲနေအိမ် ၁၈ လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ (ပလတ်စတစ်ပုံး)အပါ (၁၈)အိမ်ထောင်စာ တန်ဖိုး ငွေကျပ် ၆၂၅၅၅၄ တို့အား တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့က လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခန့်ဝင်း(ပြန်/ဆက်)

 

mdn