မုဒုံ   ၇   မေ

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ သောက်သုံးရေရှားပါးသည့် ညောင်ကုန်းကျေးရွာသို့ ယနေ့ နံနက် ၈ နာရီက မုဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် မုဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူး ဦးအောင်ဆန်းထွန်းနှင့် တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ် (၂)စီးဖြင့် ရေဂါလန် (၇၀၀၀) ခန့်ကို ညောင်ကုန်းကျေးရွာရှိ အိမ်ထောင်စု (၂၀၀)ခန့်အတွက် သောက်သုံးရေများ ပေးဝေလှူဒါန်းခဲ့သည်။၊

 

ထို့နောက် ရေလှူဒါန်းခြင်းနှင့်အတူ ကျေးရွာနေပြည်သူများအား မွန်/မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)