အိမ်မဲ  ၇ မေ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အထက်ပိုင်းရပ်ကွက်တွင် မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများကို ယနေ့ နံနက် ၇ နာရီက တူးဖော်ပေးခဲ့ကြောင်း သိရသည်။

 

“မိုးတွင်းရောက်ရင် ရေမြောင်းတွေက အမှိုက်တွေနဲ့ပြည့်မနေစေရန်၊ မိုးတွင်းကာလ ရေလျှံခြင်းမှ ကာကွယ်ရန်၊ ခြင်မပေါက်ဖွားနိုင်စေရန်တို့အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ယခုလို အချိန်ကတည်းက ရေမြောင်းများ တူးဖော်ပေးခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)