ဂန့်ဂေါ  ၇  မေ

 

ဂန့်ဂေါမြို့နယ်တွင် မေ ၆ ရက် မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန် ပျက်စီးခဲ့ သည့် အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင် ဦးစီးမှူးရုံးမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ပေးအပ်ရာတွင် အမိုးလန်ပျက်စီးသည့် လူနေအိမ် ၁၉ လုံးရှိ မိသားစု ၉၁ ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ၁၉၁၁၀၀ ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ၁၀၆၀၀၀၀ ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ ၁၂၅၁၁၀၀ ကျပ်တို့အား ယနေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့ခဲ့ကြောင်း သိရသည်။ 

 

ဂန့်ဂေါမြို့နယ်တွင် မေ ၆ ရက် မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ရှုံးရှီ၊ ပိတောက်ကုန်း၊ အုပ်လှ၊ ဘော်ပြင်း၊ ရဲလှ၊ ရေရှင်၊ နှမ်းခါး၊ ရွာမကျေးရွာတို့တွင် လူနေအိမ် ၁၉ လုံး အမိုးလန် ပျက်စီးခဲ့ခြင်း ဖြစ်သည်။ 

 

၁၄၄