ကျိုင်းတုံ ၇ မေ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထန်းချုပ်နေသည့် ကာလအတွင်း ပြည်သူများ Home Gardening စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဟင်းသီးဟင်းရွက် မျိုးစေ့၊ ပျိုးပင်နှင့် နည်းပညာဆိုင်ရာ လက်ကမ်းစာစောင်များအား မေ ၆ ရက် နံနက်ပိုင်းတွင် အမှတ်(၅)ရပ်ကွက်ရှိ ယန်းခမ်းအောက်ရွာသို့ ကွင်းဆင်း ပေးအပ်ခဲ့သည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးငြိမ်းထွန်း၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့် ဝန်ထမ်းများက  ခရမ်း၊ ခရမ်းချဉ်၊ ငရုတ်၊ တိုင်ထောင်ပဲ (ခေါ်) ပဲတောင့်ရှည်၊ မုံလာဉဖြူ၊ သခွား၊ ရွှေဖယုံ၊ ကိုက်လန်၊ မုံညှင်းစိမ်း၊ ဆလပ်၊ နံနံ၊ ကန်စွမ်းနှင့် မုံညှင်းထုပ်များ ပါဝင်သည့် မျိုးစေ့ (၁၃) မျိုးနှင့် စိုက်ပျိုးမှု နည်ပညာဆိုင်ရာ လက်ကမ်းစာစောင်များကို အိမ်တိုင်ရာရောက်၊ စိုက်ခင်းအရောက် အခမဲ့ ကွင်းဆင်းပေးအပ်ခဲ့သည်။

 

ထို့ပြင် ရုံးသို့လာရောက် တောင်းခံသူများကိုလည်း အခမဲ့ဖြန့်ဝေပေးလျက်ရှိကာ ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာများသို့ အခမဲ့ ဆက်လက်ဖြန့်ဝေ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ဦးစိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)