ရွှေကူ  ၇ မေ

 

ရွှေကူမြို့နယ်အတွင်းရှိ Facility Quarantine ထားရှိသော ကျေးရွာများ၌ ယနေ့ နံနက် ၉ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးမှ လှူဒါန်းသော နှာခေါင်းစည်း(Mask)များနှင့် Hand Gel များကို ပေးအပ်လှူဒါန်းခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် ကချင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးမှ ပေးအပ်လှူဒါန်းသော နှာခေါင်းစည်း (Mask)အရေအတွက် ၁၀၀၀ နှင့် Hand Gel များကို ရွှေကူမြို့နယ်အတွင်းရှိ Facility Quarantine ထားရှိသော ဝင်ဝကျေးရွာ၊ နောင်လက်ကြီးကျေးရွာ၊ မံဝိန်းကျေးရွာ၊ စီသာကျေးရွာနှင့် တုံးကောက်ကျေးရွာများတွင် သွားရောက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

 

ဆက်လက်၍ ရွှေကူမြို့နယ်အတွင်း၌ ကျန်ရှိသော ရပ်ကွက်/ကျေးရွာများရှိ Facility Quarantine ထားရှိသော နေရာများတွင်လည်း နှာခေါင်းစည်း(Mask)နှင့် Hand Gel များကို ဆက်လက်ဖြန့်ဝေ၍ ပေးအပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်မျိုးအောင်(ပြန်/ဆက်)