ချောက် ၈ မေ    

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ အမှတ်(၄)ရပ်ကွက် လွတ်လပ်ရေးရပ်တွင် ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်အချိန်က လေပြင်းတိုက်ခတ်မှုမရှိဘဲ နှစ်သက်တမ်း ၁၀၀ ကျော်ရှိ ကုက္ကိုပင် အောက်ခြေ အမြစ်ဆွေးမြည့်ပြီး နေအိမ် ၅ လုံးပေါ်သို့ပြိုလဲကျမှုဖြစ်ပွားခဲ့သည်။

 

ကုက္ကိုပင်ပြိုလဲမှုကြောင့် ဦးအေးမင်း၏ သွပ်မိုးထရံကာ ပျဉ်ခင်းတစ်ထပ်နေအိမ်ပြိုလဲ၊ ဒေါ်မြမြ ၏ သွပ်မိုးထရံကာဝါးကြမ်းခင်း မြေစိုက်နေအိမ် ပြိုလဲကျ၊ ဒေါ်အတာ၏ သွပ်မိုးထရံကာ၊ အုတ်ပတ် ဝါးကြမ်းခင်းနေအိမ် အဖီနှင့်မီးဖိုဆောင် ပျက်စီး၊ ဒေါ်ကြည်ဝင်း၏ သွပ်မိုးထရံကာဝါးကြမ်းခင်း နှစ်ထပ်အိမ် ခေါင်းရင်းခန်းနှင့် မီးဖိုဆောင်ပျက်စီး၊ ဦးသက်ငွေ၏ သွပ်မိုးထရံကာမြေစိုက်နေအိမ် အဖီအမိုးတို့ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)