ကျောက်တံခါး   ၈   မေ

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ခင်ကြီးရှမ်းစုကျေးရွာအုပ်စု လက်ပံခင်ကျေးရွာ၌ မေ ၈ရက်က ရေကြီးမှုအန္တရာယ်မှကင်းဝေးရန်အတွက် တိမ်ကောနေသော မူလချောင်းရိုးအား ကျေးရွာနေ ပြည်သူများ စုပေါင်းကာ ကိုယ့်အားကိုယ်ကိုးဖြင့် စုပေါင်းတူးဖော်နေကြောင်း သိရသည်။

 

ခင်ကြီးရှမ်းစုကျေးရွာအုပ်စု လက်ပံခင်ကျေးရွာ၏အရှေ့ဘက်တွင်ရှိသော ချောင်းရိုးမှာ တိမ်ကော နေခြင်းကြောင့် ကျေးရွာအတွင်း ရေများဝင်ရောက်ခြင်းနှင့် လယ်မြေအချို့ ရေကြီးနစ်မြုပ်ခြင်းများ ဖြစ်ပေါ်ခဲ့၍ ကျေးရွာနေပြည်သူများနှင့် လယ်ယာလုပ်ကိုင်သူတောင်သူများမှ သက်ဆိုင်ရာမြို့နယ် အဆင့် တာဝန်ရှိသူများထံ တင်ပြခဲ့ရာ တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့၍ ယခင်မူလ ချောင်းရိုးမြေအား အကျယ် ပေ ၂၀၊ အနက် ၈ ပေ၊ အရှည်တစ်မိုင်ခန့်အား ကျေးရွာနေပြည်သူများမှ စက်ယန္တရားကြီးများ မြေသယ်ယာဉ်များဖြင့် စုပေါင်း တူးဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ခင်ကို(ကျောက်တံခါး)