ကျောက်မဲ ၈ မေ
မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုနယ်စပ် နှင့် တောင်တန်းသာသနနုဂ္ဂဟအဖွဲ့ (ဗဟို) မှ ကျောက်မဲမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၂၄)ကျောင်းအတွက် တစ်ကျောင်းလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် လှူဒါန်းသည့် ဆွမ်းအလှူငွေများ ပေးအပ်လှူဒါန်းခြင်း(ဒုတိယအကြိမ်)ကို ယမန် နေ့ နေ့လယ် ၁၂ နာရီအချိန်က တိလင်ကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။
အလှူငွေများကို မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုအဖွဲ့ချုပ်နယ်စပ်နှင့် တောင်တန်း သာသန နုဂ္ဂဟအဖွဲ့ (ဗဟို)ကိုယ်စား ရှမ်းပြည်နယ် (မြောက်ပိုင်း) သာသနနုဂ္ဂဟအဖွဲ့မှ တာဝန်ရှိသူများ၊ ကျောက်မဲခရိုင် သာသာနာရေးဦးစီးမှူးနှင့် ရပ်မိရပ်ဖများက သွားရောက် လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။
အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုအဖွဲ့ချုပ်နယ်စပ် နှင့် တောင်တန်းသာသန နုဂ္ဂဟအဖွဲ့ (ဗဟို) ကိုယ်စား ရှမ်းပြည်နယ် (မြောက်ပိုင်း) သာသနနုဂ္ဂဟအဖွဲ့မှ ဧပြီလ ၂၉ ရက်နေ့တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၅ ကျောင်းနှင့် စာသင်တိုက် ၅ တိုက် စုစုပေါင်း ၉ ကျောင်း အတွက် တစ်ကျောင်းလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ပထမအကြိမ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)


