ကော့ဘိန်း   ၈  မေ

ကော့ဘိန်းတိုက်နယ်၊ နောင်ခေတ်ကျေးရွာ  ကျော်မဟာ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးနှင့် ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်မိသားစုမှ  ကိုဗစ်-၁၉ ကာကွယ်ပစ္စည်းများဖြစ်သော PPE ဝတ်စုံပြည့် အစုံ ၄၀ နှင့်  ဆေးဖျန်းစက် ၁ လုံးအား  ကော့ဘိန်းတိုက်နယ် ဆေးရုံတွင် ကော့ပေါက် မာဃ လူမှုကူညီရေးအသင်းနှင့် ကော့ဘိန်း လူမှုကူညီရေးအသင်းတို့ထံ ယမန်နေ့နံနက် ၉ နာရီအချိန် သွားရောက်ပေးအပ် လှူဒါန်းခဲ့ရာ အသင်းတာဝန်ရှိသူများက လက်ခံဆောင်ရွက်ပေးခဲ့သည်။

 

၎င်းပေးအပ်လှူဒါန်းရာ  ကော့ဘိန်းတိုက်နယ်ဆေးရုံအတွက်  ကာကွယ်ပစ္စည်း PPE ဝတ်စုံပြည့် အစုံ ၃၀ နှင့် ဆေးဖျန်းစက် ၁ လုံး၊ ကော့ဘိန်း လူမှုကူညီရေးအသင်း PPE  ဝတ်စုံ ၅ စုံနှင့် ကော့ပေါက် မာဃ လူမှုကူညီရေးအသင်း PPE ဝတ်စုံ(၅)စုံ အသီးသီးပေးအပ်လှူဒါန်းရာ ကာကွယ်ထိန်းချုပ် ပူးပေါင်းရေး ကော်မတီအဖွဲ့  ဆေးရုံအုပ် ဒေါက်တာ ရဲဇာနည်ဝင်း၊  ကော့ဘိန်းအုပ်ချုပ်ရေးမှူး ဦးမင်းဟန်ဝင်း၊ ကော့ပေါက် အုပ်ချုပ်ရေးမှူး ဦးမင်းမျိုးထူးအေး၊ ကော့ဘိန်းနယ်မြေရဲစခန်း ဒုရဲအုပ် သောင်းနိုင်လင်းနှင့် လူမှုကူညီရေး အသင်းအဖွဲ့တို့အား ဂုဏ်ပြုမှတ်တမ်းကို ပေးအပ်ဆောင်ရွက်ပြီး ဆေးဖျန်းစက်ကို တိုက်နယ်ဆေးရုံမှတစ်ဆင့် လူမှုရေးအသင်းအဖွဲ့များအား ကျေးရွာတွင် လိုအပ်သလို ဆေးပက်ဖျန်းနိုင်ကြောင်း  ကာကွယ်ထိန်းချုပ် ကော်မတီအဖွဲ့မှ သိရသည်။ 

မင်းမွန်လှထွန်း(ကော့ဘိန်း)