လက်ပံတန်း ၈ မေ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် ယနေ့နံနက် ၇ နာရီက မြို့မရပ်ကွက် ၁လမ်းအဝိုင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး မြို့နယ်အဆင့်ကော်မတီဝင်များက နှာခေါင်းစည်းများ တပ်ဆင်ရေး အသိပညာ ပေးခဲ့ကြသည်။
လူတိုင်း အပြင်သို့သွားလာပါက နှာခေါင်းစည်းတပ်ဆင်ပြီးမှ သွားလာကြရန်အသိပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ပေးပြီး အခမဲ့ဝေငှခြင်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုရေးအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက် ခဲ့ကြသည်။
လက်ပံတန်းမြို့၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် အလှူရှင်များက နှာခေါင်းစည်း အခုရေ တစ်သောင်းကျော်ကို လူစည်းကားရာ မြို့မရပ်ကွက် ၁ လမ်း အဝိုင်းထိပ်၊ မီးရထားဂုံးထိပ်၊ မြို့မဈေး၊ ယာယီဈေး၊ ကျွန်းကလေးလမ်းစုံ၊ ကျွန်းကလေးယာယီဆေးတို့တွင် နှာခေါင်းစည်း တပ်ဆင်ရေး အသိပညာပေးခြင်းကို ရက်သတ္တပတ်ကြာ အသိပညာပေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး


