မဘိမ်း   ၈   မေ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်   ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနှင့် Mask အသုံးပြုသည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ Mask Campaign ကို ယနေ့ နံနက် ၇ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးအောင်မြင့်ရှိန်၊ မြို့နယ် အုပ်ချုပ်ရေးမှူး  ဉီးကျော်နိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သူရဇော် နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်သင်းသင်းရီနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက မဘိမ်းမြို့မဈေး ၊ ကုန်းခါးပန်းခြံလမ်းဆုံနှင့် နမ့်ပုံးပုံးလမ်းဆုံတို့၌ Mask (၃၀ဝ)ကျော်ကို ဒေသခံပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ထိန်လင်းဦး (ပြန်/ဆက်)