ပင်လည်ဘူး ၈ မေ
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့ပေါ်ရပ်ကွက်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ယခင်က မီးသတ်ရေလှောင်ကန် ၅ ခု ပြုလုပ်ဆောင်ရွက်ထားရှိရာ သက်တမ်းကြာမြင့်၍ ပျက်စီးမှုများ ရှိနေကြောင်း သိရသည်။
ယခုအခါ ရပ်ကွက်အတွင်းအရေးပေါ် အခြေအနေဖြစ်ခဲ့ပါက အလွယ်တကူ ရေရရှိနိုင်ရေး ပြန်လည် အသုံးပြုရန်အတွက် အဆိုပါ မီးသတ်ရေလှောင်ကန်များအား ပြန်လည်ပြုပြင်ခြင်းနှင့် လိုအပ်သော နေရာများတွင် မီးသတ်ရေလှောင်ကန်အသစ် ထပ်မံတည်ဆောက်နိုင်ရေးတို့နှင့် ပတ်သက်၍ ပင်လည်ဘူး မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက မေ ၇ ရက်နေ့က မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မီးသတ်ရေလှောင်ကန်များထားရှိသည့် အခြေအနေတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)


