ကျိုက်ထို ၈ မေ
ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်သည့်အနေဖြင့် Express ယာဉ်လိုင်းများမှာ မတ်လကုန်မှ စတင် ရပ်နားခဲ့ပြီး ယခုအချိန်တွင် ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားပြည်သူများအဆင်ပြေစေရန် မေ ၇ ရက် နံနက်ပိုင်းမှ စတင်ကာ Express ယာဉ်လိုင်းများဖြစ်သည့် သိန်းသန်းကျော်၊ ဝင်း၊ စိုးရတနာ အစရှိသည့် ယာဉ်လိုင်းများမှာ ရန်ကုန်-မော်လမြိုင်သို့ ပြေးဆွဲလျက်ရှိသည်။
ယင်းသို့ပြေးဆွဲရာတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ မဖြစ်ပွားရေးအတွက် ခရီးသည် ဦးရေကို ကန့်သတ် ထားပြီး ထိုင်ခုံ ၂ လုံးတွင် ခရီးသည်တစ်ဦးသာထိုင်စီးရ၍ သက်ဆိုင်ရာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်များအားလုံး နှာခေါင်းစည်းများတပ်ဆင်ရမှာဖြစ်သည့်အပြင် ယာဉ် အတက်အဆင်းတွင်လည်း လက်ဆေးခြင်း၊ အပူချိန်တိုင်းခြင်းများ ပြုလုပ်၍ လက်မှတ်ရောင်းချသည့် ဂိတ်တွင်သာ စီးခွင့်ပြုမည်ဖြစ်ပြီး လမ်းစီးခရီးသည်များကို တင်ဆောင်သွားမည် မဟုတ်ကြောင်း သိရ သည်။
ဝင်းမောင်(ကျိုက်ထို )


