စလင်း ၈ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် စိမ်းလန်းစိုပြေရေး စိုက်ပျိုးရန် အတွက် မေ ၈ ရက်နေ့အထိ မြို့ပေါ်ရှိ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတို့အတွက် ပျိုးပင်ပေါင်း ၆၀ဝ၀ဝ ကို ပျိုးထောင်ထားရှိပြီးဖြစ်သည်။
စလင်းမြို့နယ်တွင် ဒေသနှင့် ကိုက်ညီသည့် သစ်ပင်မျိုးစိတ်(၈)မျိုးကို မိုးတွင်းကာလ မိုးရွာ၍ အစိုဓာတ် ကောင်းစွာရရှိ၍ သစ်ပင်စိုက်ပျိုးချိန်ရောက်လျှင် မည်သူမဆို အခမဲ့လာ ရောက်ထုတ်ယူနိုင်ပါကြောင်း၊ ယခုလက်ရှိတွင် မြို့နယ်သစ်တောပျိုးဉယျာဉ်၌ ကျွန်း၊ ယူကလစ်၊ လျှော်ဖြူ၊ စိန်တန်ခြူ၊ ရေတမာ၊ တမာ၊ မယ်ဇယ်နှင့် မျှဉ်ဝါးပင်တို့ကို ပျိုးထောင် ထားရှိကြောင်းနှင့် တည်ဘိုကန်ကျေးရွာအနီးတွင်လည်း ကျေးရွာနေ ဒေသခံပြည်သူများ ထင်းရရှိနိုင်ရေးအတွက် ကျေးရွာထင်းစိုက်ခင်း ဧက ၃၀ အတွက် ပျိုးပင်ပေါင်း ၃၉၉၃၀ ပင် ပျိုးထောင်ပေးပြီးဖြစ်ကြောင်းနှင့် စလင်းတစ်မြို့နယ်လုံးတွင် မိုးရာသီ သစ်ပင်စိုက်ပျိုးနိုင် ရန်အတွက် ပျိုးပင်ပေါင်း ၉၉၉၃၀ ပင်ကိုပျိုးထောင်ထားကြောင်း တောအုပ်ကြီး ဦးဇော်ဌေးဝင်း၏ ပြောကြားချက်အရ သိရှိရသည်။
မောင်လွင်(ပြန်/ဆက်)


