နေပြည်တော် မေ

 

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) သည် ကိုဗစ်-၁၉ သက်ရောက်မှုများအား လျှော့ချရန် တီထွင်ဆန်းသစ်မှုရှိသော နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရန်ရည်ရွယ်၍ Healing Solutions for Tourism Challenge Digital Presentation ကို ယနေ့ ညနေ နာရီခွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ်တို့ ဦးဆောင်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အရာထမ်းများ Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။

 

အဆိုပါ Digital Presentation တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် Mr. Zurab Pololikashvili က အဖွင့်အမှာစကားပြောကြားပြီး ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ပတ်သက်၍ ပြည်သူများအတွက် ကိုဗစ်-၁၉ ဆိုးကျိုးများလျော့ပါး စေရေးကုစားဆောင်ရွက်ခြင်း (Healing for People) သာယာဝပြောစေရေး ကုစားဆောင်ရွက်ခြင်း (Healing for Prosperity)နှင့် ခရီးစဉ်ဒေသများအတွက်ကုစား ဆောင်ရွက်ခြင်း (Healing for Destinations) စသည့် အပိုင်း()ပိုင်း တွင် Finalists အဖြစ် ရွေးချယ်ထားသူ ()ဦးမှ ရှင်းလင်းတင်ပြသည်။

 

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အထောက်အပံ့ဖြင့် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးလုပ်ငန်းများ၊ ခရီးစဉ်ဒေသများနှင့် ပြည်သူများ အပေါ်သက်ရောက်သည့် ဆိုးကျိုးများကို တုံ့ပြန်ရာတွင် အကျိုးကျေးဇူးရှိစေမည့် Healing Solutions for Tourism Challenge ကို ထုတ်ပြန်ခြင်းဖြစ်ပါကြောင်း၊ အဆိုပါအစီအစဉ်သည် ခရီးသွားလုပ်ငန်းများပြန်လည် ဦးမော့လာစေရေးဆိုင်ရာ စီးပွားရေးအစပြုမှုများ၊ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်များအတွက် နည်းပညာများကို ထောက်ပံ့ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအခါ Digital Presentation ဖြင့် အဖွဲ့ဝင် နိုင်ငံများသိရှိစေရန် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်