နေပြည်တော် မေ

 

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့်   ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူညီချက်အရ ကနဦးယာဉ်မှတ်ပုံတင်ဌာန (ထောက်ကြန့်/ရွာသာကြီး) ရုံးများ၏ ကနဦးမှတ်ပုံတင် ဝန်ဆောင်မှုလုပ်ငန်းများကို လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ ကနဦးယာဉ် မှတ်ပုံတင်ဌာန (နေပြည်တော်/မန္တလေး) ရုံးများ၏ ကနဦးမှတ်ပုံတင်ဝန်ဆောင်မှု လုပ်ငန်းများကို လည်းကောင်း မေ ၁၁   ရက်မှစတင်၍ ပြန်လည်လက်ခံ ဆောင်ရွက်ပေးမည်ဖြစ်သည်။

 

ဌာနအနေဖြင့် မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင်ရာတွင် ပေးဆောင်ရမည့် ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးကို ဝန်ဆောင်မှုရပ်ဆိုင်းထားသည့် ကာလအား ထည့်သွင်းရေတွက်ခြင်း မပြုဘဲ လျှော့ပေါ့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုရပ်ဆိုင်းထားသည့် ကာလအနေဖြင့် ကနဦး ယာဉ်မှတ်ပုံတင်ဌာန (ထောက်ကြန့်/ ရွာသာကြီး) ရုံးများအတွက် မတ် ၂၆ ရက်မှ မေ ၁၀ ရက်အတွင်း အကျုံးဝင်သည့်ရက်များကိုလည်းကောင်း၊ ကနဦးယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်/မန္တလေး) ရုံးများအတွက် မတ် ၃၀ ရက်မှ မေ ၁၀ ရက်အတွင်း အကျုံးဝင်သည့် ရက်များကို လည်ကောင်း လျှော့ပေါ့စိစစ် တွက်ချက်ဆောင်ရွက်ပေးမည်ဖြစ်သည်။

 

သို့ရာတွင် ဩဂုတ် ၃၁ ရက်နောက်ပိုင်းမှ လာရောက်ဆောင်ရွက်သည့် ကနဦးမှတ်ပုံတင်ယာဉ်များမှာ ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးငွေ လျှော့ပေါ့ခွင့်ရမည်မဟုတ်ဘဲ မူလသတ်မှတ်ချက်များအတိုင်း ဒဏ်ကြေးများအားလုံး ပေးဆောင်ရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးဌာနမှ သတင်းရရှိသည်။

 

သတင်းစဉ်