ကောလင်း ၈ မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် ကောလင်းမြို့နယ် ညောင်ဝန်းအုပ်စု၊ ညောင်ဝန်းကျေးရွာ၏ မြစိမ်းရောင်(ငါးကဏ္ဍ)သည် ()နှစ်ပြည့်မြောက်ပြီးဖြစ်၍ ()နှစ်ပြည့် မြစိမ်းရောင်(ငါးကဏ္ဍ) လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၅၀ ဖြင့် ကျေးရွာချင်းဆက် ကျောက်ချောလမ်း ပြုပြင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

ကျောက်ချောလမ်း၏ အရှည်မှာ အလျား ၂၀၅၀ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၆ လက်မဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ ညောင်ဝန်းကျေးရွာအုပ်စုသည် မြို့နှင့် ၅ မိုင်ခန့် ဝေးကွာပြီး ယခင်က မိုးတွင်းကာလတွင် ဒေသခံပြည်သူများ၏ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများအတွက် သွားလာမှုအခက်အခဲများ ရှိခဲ့ပြီး ယခုအခါ ကျောက်ချောလမ်း ပြုပြင်ပြီးဖြစ်၍ ညောင်ဝန်း၊ ဆီဆုံ၊ မိုးနှံ ကျေးရွာများမှ ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ညောင်ဝန်းကျေးရွာ မြစိမ်းရောင်စီမံကိန်း ကော်မတီအဖွဲ့ဝင် ဒေါ်နွယ်နွယ်ဦးထံမှ သိရှိရသည်။

 

 

မြင့်ထွန်းမင်း(ကောလင်း)