ရန်ကုန် မေ

 

၂၀၂၀ ပြည့်နှစ်၊ မေ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်) ရုံးခွဲ၌ Video Conferencing ဖြင့် ပြုလုပ်သည်။

 

အခမ်းအနားသို့ အသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်အမယာမော်နိုင်နှင့် အချိန်ပြည့်/အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူးနှင့် ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Stephan Sakalian နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Joy Singhal မိတ်ဖက်ကြက်ခြေနီအဖွဲအစည်းများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ၊ ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် အသင်းဥက္ကဋ္ဌက ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်မိန့်ခွန်း ပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း(IFRC)တို့မှ ဌာနေကိုယ်စားလှယ်များက ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်စကားများ ပြောကြားခဲ့ကြသည်။

 

ထို့နောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်ဝန်းမှ ကြက်ခြေနီများ၏ လှုပ်ရှားမှုပုံရိပ်မှတ်တမ်းဗီဒီယိုကိုပြသခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေသူများအား အခမ်းအနားသို့ တက်ရောက်လာသူများအားလုံးက အားပေးဂုဏ်ပြုခဲ့ကြသည်။

 

ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို နှစ်စဉ် မေလ ရက်နေ့တွင် ကျင်းပလေ့ရှိရာ ယခု ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ်မှာ လက်ခုပ်တီးလို့ ဆက်လက်အားပေး ဂုဏ်ပြုကြပါစို့ ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်မျိုး