(၈-၅-၂၀၂၀) ရက်နေ့၊ ည (၁၀:၀၀)နာရီ

 

 

၁။ (၈-၅-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၁၆၃) ခုကို စစ်ဆေးပြီးစီးခဲ့ရာ -

 

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦးတွေ့ရှိပါသည်။

 

mdn

 

၂။ (၈-၅-၂၀၂၀) ရက်နေ့၊ ည (၁၀:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၇၇) ဦးရှိပြီဖြစ်ပါသည်။

 

၃။ ယနေ့အထိ ဓာတ်ခွဲအတည်ပြု လူနာများအနက်တွင် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၆၇) ဦးရှိပါသည်။ ၎င်းတို့အနက် (၄၃) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

 

၄။ ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူ (၆) ဦး ရှိပါသည်။

 

၅။ (၈-၅-၂၀၂၀) ရက်နေ့တွင် COVID-19 ဓာတ်ခွဲစစ်ဆေးမှုအနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခု၊ ဆေးသုတေသန ဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၉၃) ခုနှင့် အမှတ် (၂) တပ်မတော် ဆေးရုံကြီး ခုတင် (၁,၀၀၀) နေပြည်တော်၊ ဓာတ်ခွဲဌာနမှ ဓာတ်ခွဲနမူနာ (၂၃၃) ခု၊ စုစုပေါင်း (၅၈၂)ခု ကို စစ်ဆေးခဲ့ပါသည်။

 

၆။ ယနေ့အတွက် ဓာတ်ခွဲအဖြေသတင်းများ ထပ်မံထုတ်ပြန်ရန်မရှိတော့ပါ။

 

Ref; Ministry of Health and Sports, Myanmar