နေပြည်တော် ၈  မေ

 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ICOE အစီရင်ခံစာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ယနေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

အဆိုပါ ထုတ်ပြန်ချက်၌ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သော လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ၏ အပြီးသတ်အစီရင်ခံစာနှင့် နောက်ဆက်တွဲ (၃၀) တို့ကို တပ်မတော်က အပြည့်အစုံ လက်ခံရရှိခဲ့ပြီး အစီရင်ခံစာပါ ဖြစ်စဉ်များအနက် ဂူတာပြင်ကျေးရွာ ဖြစ်စဉ်နှင့် စပ်လျဉ်းသည့် စစ်တရားရုံး (Court - Martial) စစ်ဆေးဆောင်ရွက်မှု အခြေအနေအား သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်းနှင့် မောင်နုကျေးရွာနှင့် ချွတ်ပြင်ကျေးရွာဖြစ်စဉ်တို့အား စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) ဖြင့် စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၀ ရက် နေ့တွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း။

 

ယခုအခါတွင် ဂူတာပြင်ကျေးရွာဖြစ်စဉ်နှင့် စပ်လျဉ်းသည့် စစ်တရားရုံး (Court - Martial) သည် သက်သေစုံလင်စွာဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် စစ်ဆေးမှုပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ စစ်ဆေးရာတွင် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့် ထုတ်ပြန်ထားရှိသည့် အမိန့်၊ ညွှန်ကြားချက်များကိုလည်း ဖောက်ဖျက်မှု မရှိစေရန်၊ လုံခြုံရေးအရလည်း ထိခိုက်မှုမရှိစေရန် အထူးဂရုပြု ကြပ်မတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တရားရုံး (Court - Martial) ၏ စစ်ဆေးစီရင်မှုများအား သက်ဆိုင်ရာ အတည်ပြုအာဏာပိုင်၏ ပြစ်ဒဏ်အတည်ပြုချက် ရရှိပါက ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းနှင့် မောင်နုကျေးရွာ၊ ချွတ်ပြင်ကျေးရွာဖြစ်စဉ်များကို  စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) ဖြင့် စစ်ဆေးဆောင်ရွက်မှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ဥပဒေချုပ်ရုံးမှ သတင်းရရှိသည်ဟု ဖော်ပြထားသည်။

 

သတင်းစဉ်