ချီဖွေ  ၉   မေ

 

မြစ်ကြီးနားခရိုင်  ချီဖွေမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့က ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေး ကာလ အတွင်း ဒေသခံမိဘပြည်သူများအတွက် ပြည်တွင်းဖြစ် တန်ဖိုးနည်း နှာခေါင်းစည်း (Mask ) များ အခမဲ့ ဖြန့်ဝေရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌   ယနေ့ နံနက်ပိုင်း ကစတင် ၍ ချုပ်လုပ်လျက်ရှိကြောင်း သိရသည်။

 

1035

 

အဆိုပါ  နှာခေါင်းစည်း (Mask)များ ကို ချီဖွေမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့က ချည်သား ပိတ်စများဖြင့် စနစ်တစ်ကျချုပ်လုပ်ပြီး ဒေသတွင်း အခြေခံ လူတန်းစားများ၊ မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်၊ ဈေးရောင်းချသူ ဈေးဝယ်သူများနှင့် ခရီးသွားပြည်သူများအား လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask) များ  အခမဲ့ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင့်ဝါအောင်ထံမှ သိရှိရသည်။

 

ဇင်မာဝင်း (ပြန်/ဆက်)

 

3755