ကျိုက်မရော ၉ မေ

 

မွန်ပြည်နယ်အတွင်းရှိ ဈေးများတွင် မေ ၉ ရက်နံနက်မှစ၍ နှာခေါင်းစည်း (Mask)   မတပ်ဘဲဈေး ရောင်း ဈေးဝယ် ပြုလုပ်ပါက ဒဏ်ငွေ  (၁၀ဝ၀ဝ) ပေးဆောင်ရမည်ဖြစ်ကြောင်းနှင့်၊ ပြည်သူများအား ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ဈေးရောင်းဈေးဝယ်ကြရာတွင် mask မတပ်ထားလျှင် ဈေးအတွင်းသို့ ဝင်ထွက်သွားလာခွင့် မပြုကြောင်း သိရသည်။

 

125

 

ယခုလို ဖွင့်လှစ်ရောင်းချခွင့်ပြုထားသည့် မွန်ပြည်နယ်အတွင်းရှိ ဈေးတွေမှာ ဈေးရောင်းသူအနေနဲ့ နှာခေါင်းစည်း (Mask)  တပ်ပြီး ရောင်းဝယ်ရမှာ ဖြစ်ကြောင်း၊ လာရောက် ရောင်းဝယ်သူများ အနေဖြင့်လည်း mask တပ်ပြီးမှ ဝယ်ယူရမှာ ဖြစ်ကြောင်း၊ဈေးတွေမှာ mask မတတ်ဘဲ ရောင်းဝယ်ပါက ဒဏ်ငွေ (၁၀ဝ၀ဝ) ကျပ်ရိုက်မှာဖြစ်တယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောသည်။

 

ယခုလို ကိုဗစ်-၁၉  ကာကွယ်ထိန်းချုပ်မှု ကာလတွင် ပြည်သူများအနေဖြင့် မိမိကစ၍ကာကွယ်ရန် အလွန်အရေးကြီး ပါကြောင်း နှာခေါင်းစည်း mask  မတတ်ဘဲ သွားလာနေသူများအား မြို့နယ် ကိုဗစ်-၁၉ ကာ ကွယ်ထိန်းချုပ်ရေးအဖွဲ့များအသိပညာပေးလုပ်ငန်းများကို ထိရောက်စွာဖြင့် အရှိန်အဟုန်မြှင့် တင် ဆောင်ရွက်လျက်ရှိနေကြောင်း အဆိုပါ mask တပ်သူများလှုပ်ရှားမှု တွင်ပါဝင်ကူညီပေးသူ ဦးဘိုဘိုဝင်းက ထံမှသိရသည်။

 

ချိုချို(ပြန်/ဆက်)

 

7699