မက်မန်း ၉ မေ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မက်မန်းမြို့နယ် ပညာရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက် လျက်ရှိသော အ.ထ.ကကျောင်းဆောင်သစ် ၂ ထပ်ဆောင်နှင့် ပညာရေးဝန်ထမ်းအိမ်ရာ ၂ ခုကို ယနေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်၊ မြို့နယ် စီမံခန့်ခွဲရေးကော်မတီ ဦးအောင်ဇော်မင်း၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေရှိ RC နှစ်ထပ် အ.ထ.က ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ယူဆောက်လုပ်နေသည့် မက်မန်းဗလကုမ္ပဏီမှ တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်ပြီး Mother Diamond ကုမ္ပဏီမှ ဆောက်လုပ်လျက်ရှိသော အလျား ၉၀ ပေ၊ အနံ ၃၀ ပေရှိ ပညာရေး ဝန်ထမ်းအိမ်ရာ RC ၂ ခုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် ကုမ္ပဏီမှ တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
မက်မန်း(ပြန်/ဆက်)


