မုဒုံ ၉ မေ
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အဖွဲ့သည် ယနေ့ နံနက် ၉ နာရီက မုဒုံမြို့နယ်အတွင်းရှိ ချောင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်းစေရေ တူးဖော်ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့မ(၁)ရက်ကွက်၊ သင်္ဘောဦးရပ် မြို့မစျေးအနောက်လမ်းတွင် တံတားတည်ဆောက်မှုနှင့် မြို့နယ်အတွင်းရှိ ချောင်းကော၊ မြောင်းကောများ တူးဖော်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


