ခင်ဦး  ၉ မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြနန္ဒာရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မေ ၉ ရက် နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် ဘုရားပန်းအိုးများ၊ မိုးရေစုကန်များ၊ ရေကန်များ၊ အိမ်သာ ရေကန်များတွင် ပိုးလောက်လန်း ရှိ၊ မရှိ စစ်ဆေးပြီး အဘိတ်(Abate) ဆေးထည့်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)