လွိုင်ကော်   ၉  မေ   

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် မေ  ၈  ရက်နေ့က မိုးရွာသွန်းပြီး လေပြင်းများ တိုက်ခတ်ခဲ့မှုကြောင့် အမိုးလန်ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များအတွက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့ ညနေတွင် လောပိတကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာ၊ ဓမ္မစင်္ကြာကျေးရွာ၊ လောကထု (ကွက်သစ်) နှင့် လောကထုကျေးရွာများတွင် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့် နေအိမ် (၁၀) လုံး အမိုးလန် ပျက်စီးခဲ့ပြီး ပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့် နေအိမ် (၁၀) လုံးမှ အိမ်ထောင်စု (၁၀) စု၊ လူဦးရေ (၄၂) ဦးတို့အား ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်အုံးလွင်က ဆန်ရိက္ခာအတွက် ငွေကျပ် (၈၈၂၀ဝ)၊ ကျောင်းဆောက်ပစ္စည်း ဝယ်ယူရန်အတွက် ငွေကျပ် (၉၀၀၀ဝ) နှင့် အိမ်ဆောက်ပစ္စည်း ဝယ်ယူရန်အတွက် ငွေကျပ်(၅၉၅၀၀ဝ) စုစုပေါင်း ငွေကျပ်( ၇၇၃၂၀ဝ)ကို အိမ်ထောင်စုအလိုက် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ 

 

မြို့နယ်(ပြန်/ဆက်)